Translate

Thursday, December 20, 2012

ငါ့ သ ခင် ငါ့ အရှင်..........


ဘာကြောင့်များ စကားလုံးတွေနဲ့
ငါ့ရင်တွေ နာကျင်အောင်
နင်လုပ်တတ်တာလဲ...

နင့်စကားလုံး မြှားချက်ဒဏ်
ငါရင်တွေ ဘာကြောင့်များ
တောင့်မခံနိုင်တာလဲ...

နင့်အတွက်တော့ ငါက
အသုံးမ၀င်တော့တဲ့
နင်စွန့်ပစ်မဲ့ အရာတွေ ထဲက
နံပါတ် တစ် ပါ...

ငါ့မှာသာ ရင်နဲ့ရင်းပြီး
နင်က နံပါတ် တစ်
နင်က နံပါတ် တစ် ရဲ့ အရင်
နင်က နံပါတ် တစ် ရဲ့ သခင်
ဖြစ်စေခဲ့တာ...

ဝေးကွာခြင်းက
နင် နဲ့ င့ါ ကြား
ဒီလောက် စည်းခြားလိမ့်မယ်
မထင်မိတာ ငါ့အမှား...

ပြန်သွားနေလို့လဲ
အရင်နေရာ မရောက်မဲ့ အတူတူ
"ပျော်ရွှင်မှု" တွေရေ.....
ငါတို့ အတူတူ
သေဆုံးလိုက်ကြရအောင်...

No comments:

Post a Comment

as a member