Translate

Wednesday, December 19, 2012

ယုံ လိုက်..........

ငါချစ်သလို ပြန်မချစ်ရင်တောင်
နားလည်မှု တစ်ခုနဲ့ ရှေ့ဆက်ဖို့
ကြိုးစားမယ် ထင်နေတဲ့ ငါ့အတွက်
မုန်းဖို့ထက် မေ့ဖို့ပဲ ငါလိုလားတော့တယ်
အဲဒါ ယုံလိုက်.....

ငါ့ရင်ထဲက သူ့ကို ဆွဲထုတ်လိုက်ပြီးမှ
ငါ့ကိုထားခဲ့တဲ့ နင့်ကို
ငါသေတောင် အမုန်းမပြယ်တော့ဘူး
အဲဒါ ယုံလိုက်.....

လိုအပ်မှု တစ်ခုကို
ဖြည့်မပေးနိုင်တဲ့ ငါ့အတွက်
နင်ပေးတဲ့ ဆုလာဘ်
သိပ်ကြီးနေတယ်လို့ ငါ့ထင်မြင်ချက်
ဘယ်တော့မှ မမေ့တော့ဘူး
အဲဒါ ယုံလိုက်.....

နင့်ကို မုန်းတယ်
နင့်ကို မုန်းတယ်
နင့်ကို မုန်းတယ်
နင့်ကို မုန်းတယ်
နင့်ကို မုန်းတယ်
နင့်ကို အရမ်း အရမ်းကို မုန်းတယ်
အဲဒါ ယုံလိုက်.....

No comments:

Post a Comment

as a member