တစ်ခါတစ်လေ
လေလှိုင်းတွေကိုဖြတ်
သူ့အသံ ခပ်ပြတ်ပြတ်တွေနဲ့
ရင်ထဲကို မီးတောက်တွေပစ်ထည့်
ကိုယ့်ကိုယ်ကို လောင်ကျွမ်းစေခဲ့တယ်...
အပြာ ရောင်ညတွေကိုဖန်ဆင်း
အချစ်နက်တွင်းထဲသို့
အသာအယာဆွဲခေါ်
ငါကိုယ်တိုင်က
စူးစူးနစ်နစ် ပျော်ဝင်နေခဲ့သေးတယ်...
အကြင်နာတွေသုံး
ငါ့နှလုံးသားကို
အညင်သာဆုံး
ချော့သိပ်နေတတ်သေးတယ်...
တမင်တကာတော့
မမုန်းလိုက်ပါနဲ့ချစ်သူ
ရင်နာလို့မဆုံးနိုင်မှာ စိုးလို့ပါ...
အော်............. အခုတော့
မတွေ့ချင်လို့ ရှောင်ပုန်း
င့ါကိုများ မုန်းနေရော့သလား...
အချစ်သစ် တွေ့လို့
ငါ့ ရဲ့ ဖြစ်အင်ကိုပဲ
မသိချင်ခဲ့လေရော့သလား...
အတွေးတွေနဲ့ချာလည်
ညည့်နက်ခဲ့တဲ့
ငါ့ ညတွေလည်းများခဲ့ပြီ...
No comments:
Post a Comment