Translate

Thursday, December 20, 2012

ငါ ဆို တဲ့ ငါ.........

ငါ့ ရင် ခွင် အေး စက် ခဲ့ တာ မ ဟုတ် ဘူး
နင့် ရင် ခွင် က သာ
ငါ့ အ တွက် မ နွေး ထွေးခဲ့တာ
ငါ နင့် အ တွက် လင်း မ ပေး ခဲ့ တာ မ ဟုတ် ဘူး
နင့် အ နား က ပိုး စုန်း ကြူး လေး တွေ ကို
ငါ ဆို တဲ့ ကြယ် လေး တစ် ပွင့်
မ ယှဉ် နိုင် ခဲ့ တာ ပါ
နင့် အ တွက် တော့ ငါ ဆို တာ က
လမ်း မှာ ခ လုတ် တိုက် မိ တဲ့
ခဲ လုံး လေး သာ ဖြစ် ခဲ့ ရ တာ ပါ
ငါ့ အ တွက် တော့ နင် ဆို တာ က
မ ရ စ ဖူး အ ရ ထူး လိုက် တဲ့
ဆု လာဘ် လေး တစ် ခု ပါ......



                                                                                    ~~~၀ါဝါ၀င်းလှိုင်~~~

အ တိတ် ဟောင်း......

ငါ..မပါတော့တဲ့
တခြားကမ္ဘာမှာ
နင်ပျော်နေပြီလို့
ငါပြန်ကြားရတယ်.....

ရက်စက်တယ်လို့လည်း
နင့်ကိုအပြစ်မဆိုသာပါဘူး.....

ကြယ်တွေ ကြွေနေတုန်း
ဆုမတောင်းမိတဲ့...ငါပဲ
ရင်နာသင့်တာပါ.....

ရင်နာတာကို
ရင်နာတယ်လို့
ပြောခွင့်လေး
မရတော့တာ
တစ်ခုတော့
ငါ...ရင်နာတယ်

တကယ်တော့..ငါ
နင့်ကို ချစ်ခဲ့တာထက်
ငါ့ကိုယ်ငါများ
ပိုချစ်မိခဲ့လေသလား.....

ငါ့ဘ၀ကျောင်းထဲက
နင်ဆိုတဲ့ ပြဌာန်းစာအုပ်လေးက
သင်ရိုးဟောင်းတစ်ခုသာ.....


                                                                                     ~~~၀ါဝါ၀င်းလှိုင်~~~

အိပ် မက် လေ လား ၀ိုး တ ၀ါး နဲ့..........

အရမ်း...စိတ်ဓာတ်ကျ နေတုံးက
နင့်ရဲ့ အားပေးတဲ့ စာလုံးလေးတွေမှာ
ငါအားတက်ခဲ့ဖူးတယ်.....

အရမ်း...ငိုချင် နေတုံးက
နင့်ရဲ့ နှစ်သိမ့်တဲ့ အသံလေးမှာ
ငါစိတ်ပျော်ခဲ့ဖူးတယ်.....

အရမ်း...လွမ်း နေတုံးက
နင့်ရဲ့ ဓာတ်ပုံလေးကို အမြင်မှာ
ငါအလွမ်းပြေဖူးတယ်.....

ခုတော့လည်း...
နင့်စာလုံးလေးတွေ ဘယ်များရောက်လို့
နင်ဘယ်ရင်ခွင် ရောက်နေလည်း...

ခုတော့လည်း...
နင့်အသံလေးတွေ ဘယ်သူ့အတွက်ဖြစ်လို့
နင်ဘယ်များ ရောက်နေလည်း...

ခုတော့လည်း...
နင့်ဓာတ်ပုံလေးတွေ ဘယ်ချောင်ရောက်လို့
နင်ဘယ်သူ့အတွက်များ ဖြစ်နေလည်း...

တကယ်တော့.......ငါ


ငါ့စိတ်ဓာတ်တွေ
နေလှန်းခံရတဲ့နေ့
ငါမမေ့သေးဘူး.....

နင့်ကြောင့် အသက်ဝင်ခဲ့တဲ့
ငါ့နှလုံးသား
နင်ပဲခြေမွ ဖျက်စီးခဲ့တာပဲ.....

လျှို့ဝှက်တဲ့ နင့်မျက်ဝန်းရဲ့
ညို့ဓာတ် ငါရှောင်တတ်အောင်
ကြိုးစားလိုက်ဦးမယ်.....

ငါ့ဆီက ဖြေရှင်းချက်လေးများ
တစွန်းတစ နင်မကြားချင်ဘူးလား.....

နာကျင်နေတဲ့ ငါ့နှလုံးသား
နားခိုစရာ ဝေးပြီလား......

အတူဆုံချိန်လေး တွေကလဲ
နင့်အတွက်
အပျော်ပဲဆိုတာ.....

တကယ်တော့....ငါ
နင့်အတွက်
အပျင်းတော် ပြေစေမယ့်
စက်ရုပ်လေးပါ.....

ငါ့ သ ခင် ငါ့ အရှင်..........


ဘာကြောင့်များ စကားလုံးတွေနဲ့
ငါ့ရင်တွေ နာကျင်အောင်
နင်လုပ်တတ်တာလဲ...

နင့်စကားလုံး မြှားချက်ဒဏ်
ငါရင်တွေ ဘာကြောင့်များ
တောင့်မခံနိုင်တာလဲ...

နင့်အတွက်တော့ ငါက
အသုံးမ၀င်တော့တဲ့
နင်စွန့်ပစ်မဲ့ အရာတွေ ထဲက
နံပါတ် တစ် ပါ...

ငါ့မှာသာ ရင်နဲ့ရင်းပြီး
နင်က နံပါတ် တစ်
နင်က နံပါတ် တစ် ရဲ့ အရင်
နင်က နံပါတ် တစ် ရဲ့ သခင်
ဖြစ်စေခဲ့တာ...

ဝေးကွာခြင်းက
နင် နဲ့ င့ါ ကြား
ဒီလောက် စည်းခြားလိမ့်မယ်
မထင်မိတာ ငါ့အမှား...

ပြန်သွားနေလို့လဲ
အရင်နေရာ မရောက်မဲ့ အတူတူ
"ပျော်ရွှင်မှု" တွေရေ.....
ငါတို့ အတူတူ
သေဆုံးလိုက်ကြရအောင်...

မ ရေ မ ရာ အ တွေး တစ် စ.........

တစ်ခါတစ်လေ
လေလှိုင်းတွေကိုဖြတ်
သူ့အသံ ခပ်ပြတ်ပြတ်တွေနဲ့
ရင်ထဲကို မီးတောက်တွေပစ်ထည့်
ကိုယ့်ကိုယ်ကို လောင်ကျွမ်းစေခဲ့တယ်...

အပြာ ရောင်ညတွေကိုဖန်ဆင်း
အချစ်နက်တွင်းထဲသို့
အသာအယာဆွဲခေါ်
ငါကိုယ်တိုင်က
စူးစူးနစ်နစ် ပျော်ဝင်နေခဲ့သေးတယ်...

အကြင်နာတွေသုံး
ငါ့နှလုံးသားကို
အညင်သာဆုံး
ချော့သိပ်နေတတ်သေးတယ်...

တမင်တကာတော့
မမုန်းလိုက်ပါနဲ့ချစ်သူ
ရင်နာလို့မဆုံးနိုင်မှာ စိုးလို့ပါ...

အော်............. အခုတော့
မတွေ့ချင်လို့ ရှောင်ပုန်း
င့ါကိုများ မုန်းနေရော့သလား...

အချစ်သစ် တွေ့လို့
ငါ့ ရဲ့ ဖြစ်အင်ကိုပဲ
မသိချင်ခဲ့လေရော့သလား...

အတွေးတွေနဲ့ချာလည်
ညည့်နက်ခဲ့တဲ့
ငါ့ ညတွေလည်းများခဲ့ပြီ...

အ နား နေ ပါ ရ စေ.......

ခ ဏလေး ဝေး ရ ရင် တောင်
ငါ့ ရင် ထဲ မီး တောက်
ပူ လောင် ပြင်း ထန် မြန် ဆန် လိုက် ပုံ များ
ငါ့ ဘ ၀ တစ် ခု လုံး ပြာ ကျ မ တတ် ပါ ပဲ.........

တစ် သက် လုံး များ ဝေး ရ မယ် ဆို
တွေး တောင် မ တွေး ၀ံ့
သေ ဆို ရင် သေ ပေး ပါ့ မယ်........

မ ထား ခဲ့ နဲ့ ချစ် သူ...

နာကျင်ရင်လည်း...အနားနေပါရေ
ပူလောင်ရင်လည်း........အနားနေပါရစေ
စိတ်ညစ်ရင်လည်း...............အနားနေပါရစေ
အဆင်မပြေရင်လည်း..............အနားနေပါရစေ
အရာရာဆုံးရှုံးရင်လည်း...................အနားနေပါရစေ
ဖြစ်ချင်တာ ဖြစ်ခွင့်မရလည်း.................အနားနေပါရစေ

Wednesday, December 19, 2012

ယုံ ကြည် ပေး.........

ရွှေကော်ဇောပေါ်
နေထိုင်ခံစားရမှ ငါ့မြတ်နိုးခြင်း
သိမ်မွေ့နေမှာ မဟုတ်ဘူး.....

ပန်းခင်းသော လမ်း
ချောမွေ့နေမှ ငါ့သံယောဇဉ်
တည်တံ့နေမှာ မဟုတ်ဘူး......

လူတွေပြောသလို
အချစ် အချစ် အချစ် ဆိုပြီး
နာမည်တပ်ထားတဲ့
အဲဒီအချစ်ဆိုတဲ့...ငါ့အချစ်က
ဘ၀တွေ ကြမ်းတမ်း
လမ်းတွေ ခါယမ်း...နေလည်း
မပြောင်းလဲပဲ လတ်ဆတ်ခြင်းနဲ့
ရှိနေမယ်.............

""'"""ဝေးနေရင်တောင် ကြားရုံလေးပဲ ဝေးပေးပါ""""""


"နှစ်ယောက်"ရှိနေတာ
"တစ်ယောက်"တည်းထက်
ပိုကောင်းတယ်

တစ်ယောက်"လဲ"နေရင်
တစ်ယောက်"ထူမ"ပေးနိုင်တယ်

ဒါပေမယ့်...နှစ်ယောက်လုံး "လဲ" နေရင်ရော တဲ့

"လဲ" နေရက်သားနဲ့ အတူတကွ
"အနွေးဓာတ်" ပေးနိုင်သေးတယ်

တစ်ယောက်တည်း "လဲ"နေရင်တော့
ဘယ်လိုလုပ်"နွေးထွေး"နိုင်ပါ့မလဲ

ချမ်းနေတော့မှာပေါ့...........

"ဘ၀မှာ တန်ဖိုးရှိသော ချစ်သူတစ်ယောက်ကို"

"ဝေးကွာသော အရပ်မှာ ရောက်နေတယ်ဆိုရင်တောင်"

"လှမ်းခေါ်လို့ ကြားနိုင်ရုံလောက်လေးပဲ ဝေးရရင် မဆိုးပါဘူး"

"ဒီလောက်ဆိုရင်ပဲ အချိန်မရွေး ပြန်လည်နီးစပ် သွားနိုင်ပါတယ်"

လွမ်း နေ ပြီ မေ မေ...........:'(


မေမေ့ အိမ်ကထွက်လာတဲ့
လမ်းတစ်လျှောက် တတောက်တောက်
ကျခဲ့တဲ့မျက်ရည် ခုကတည်းက
လွမ်းနေပြီ မေမေ.....

ငွေဆိုတဲ့ အရာတစ်ခုအတွက်
အချစ်...အလွမ်းတွေ ဘေးဖယ်
လမ်းတစ်ခုကို အတင်းတည့်နေရတဲ့ဘဝ
အဆုံးသတ်ချင်ပြီ မေမေ.....

လမ်းခွဲတွေ ကြုံတိုင်း
မုန်တိုင်းတွေ တွေ့မှာကြောက်လို့
ဒီနေရာမှာပဲ ခြေစုံရပ်
ဘယ်လမ်းမှ မလိုက်ရဲသေးတာ
ခွင့်လွှတ်ပါ မေမေ.....

ကျန်းမာရေးကြောင့်
အတင်းထူမတ်နေရတဲ့
ကိုယ်နေဟန်တစ်ဖက်နဲ့
အားယူလို့ ပြုံး
ကန်တော့လို့ မဆုံးသေးခင်
တောင်းဆုတွေ ခြွေ
မျက်ရည်ကြည်နဲ့ မျက်ဝန်းတွေ
မကြည့်ရက်ဘူး မေမေ.....

အိမ်ကတောင် မထွက်ခင်
အိမ်ကိုပဲ လွမ်းချင်နေတဲ့ စိတ်
နေ့စွဲတွေ ဟောင်းသွားလဲ
ပြောင်းမသွားဘူး မေမေ.....

နင် နဲ့ ငါ.......

နင် နဲ့ ငါ က.........................

အ သက် ရှု ပုံ ခြင်း ကွာ ခြား တယ်

နေ ရာ ဒေ သ ခြင်း ဝေး ကွာ တယ်

အ ကြိုက် တွေ လည်း ကွဲ ပြား တယ်

ရည် မှန်း ချက် လည်း ခြား နား တယ်

နား လည် မှု ခြင်း ကွာ ဝေး တယ်

ရင် ဘတ် ခြင်း လည်း ဝေး နေ တယ်

ဆုံး ဖြတ် တာ ခြင်း ကွဲ လွဲ တယ်

ပေါင်း စည်း ဖို့ လည်း လို သေး တယ်

ချစ် ခြင်း တွေ တူ နေ လည်း
ဝေး သ ထက် ဝေး ဖို့ ပဲ
နင် လို အပ် တာ ငါ သိ တယ်.........

ယုံ လိုက်..........

ငါချစ်သလို ပြန်မချစ်ရင်တောင်
နားလည်မှု တစ်ခုနဲ့ ရှေ့ဆက်ဖို့
ကြိုးစားမယ် ထင်နေတဲ့ ငါ့အတွက်
မုန်းဖို့ထက် မေ့ဖို့ပဲ ငါလိုလားတော့တယ်
အဲဒါ ယုံလိုက်.....

ငါ့ရင်ထဲက သူ့ကို ဆွဲထုတ်လိုက်ပြီးမှ
ငါ့ကိုထားခဲ့တဲ့ နင့်ကို
ငါသေတောင် အမုန်းမပြယ်တော့ဘူး
အဲဒါ ယုံလိုက်.....

လိုအပ်မှု တစ်ခုကို
ဖြည့်မပေးနိုင်တဲ့ ငါ့အတွက်
နင်ပေးတဲ့ ဆုလာဘ်
သိပ်ကြီးနေတယ်လို့ ငါ့ထင်မြင်ချက်
ဘယ်တော့မှ မမေ့တော့ဘူး
အဲဒါ ယုံလိုက်.....

နင့်ကို မုန်းတယ်
နင့်ကို မုန်းတယ်
နင့်ကို မုန်းတယ်
နင့်ကို မုန်းတယ်
နင့်ကို မုန်းတယ်
နင့်ကို အရမ်း အရမ်းကို မုန်းတယ်
အဲဒါ ယုံလိုက်.....

လွမ်း မြဲ လွမ်း ဆဲ.........

သိခြင်း မသိခြင်း
တစ်ချို့ ပျော်ဝင်နေတဲ့
နေ့စွဲ မှုန်မှုန်မှိုင်းမှိုင်းတွေထဲ
လူးလွန့်ကခုန် ပြိုလဲရင်း
ရှိခြင်း မရှိခြင်း တွေကိုလည်း
ရှာဖွေခဲ့ဖူးသေးတယ်......

အချစ်အတွက်နဲ့
အလဲလဲ အပြိုပြို
ခံစားချက်တစ်ချို့နဲ့
အသားကျရင်းနှီးရင်း
လမ်းမှောင်မှောင်တွေမှာလည်း
လမ်းမှားတွေ
ရောက်ခဲ့ဖူးသေးတယ်.....

သံယောဇဉ် လက်ကျန်နဲ့
ပြန်သိမ်းလိုက်ရတဲ့
ငါ့အမုန်း တစ်ချို့အတွက်
ဆန္ဒတစ်စုံတစ်ရာကို မျိုချပစ်ပြီး
လှောင်ရယ်သံတွေ ကြားမှာလည်း
ရင်နာနာနဲ့ .......ငါ
လျှောက်လှမ်းခဲ့ဖူးသေးတယ်.....

လွမ်းတာကို
လွမ်းတယ်လို့
တွေးလိုက်တိုင်း
နာကျင်မှုတွေ
ဆထက်တိုးလို့
တိုးတိုးလေး
ခိုးခိုးပြီး
ငိုခဲ့ရတိုင်း.....

ခုထိတော့.....

ကျန်ခဲ့တဲ့......ငါ

ချန်ခဲ့တဲ့.......နင့် ကို

လွမ်းနေတုန်းပဲဟာ.....

နောင် အ နာ ဂတ်........

ကဗျာလိုလို စာလိုလို

အရာတွေကို ဖန်တီးလိုက်တိုင်း

လွမ်းဆွတ်ခြင်းတွေ

ချီတက်လာလေတော့

ပျော်ရွှင်မှုတွေ ဆိတ်သုန်း

အထီးကျန်ခြင်းတွေကိုသာ

ရင်ဆိုင်ဖို့ ရှေ့တိုးလာရတော့တယ်.....


ရူးသလိုလို ကြောင်သလိုလို

အဓိပ္ပါယ်တစ်ချို့ကို

အဖြေရှာလိုက်တိုင်း

ငါကိုယ်တိုင်ပါ

ရူးကြောင်လာတော့

အထီးကျန်ခြင်း နဲ့

အကျည်းတန်ခြင်းတွေကိုသာ

ရရှိဖို့ နီးစပ်လာရတော့တယ်.....


ချစ်သလိုလို မုန်းသလိုလို

ခံစားချက်တစ်ချို့ကို

ရင်ဆိုင်မိတိုင်း

ချစ်....ကြိုက်....မုန်း....ကွဲ

ဒီအရာတွေပဲ အမြဲကြုံလာတော့

စိတ်ဓာတ်ခွန်အားတွေ ဆုတ်ယုတ်

ပြန်လည်အားတင်းခြင်းတွေကိုပ

မွေးမြူဖို့ ကြိုးစားလာရတော့တယ်.....

အ ချစ် တဲ့ လား............


အချစ်ဆိုတာ。。。。。。。。。。。

အချစ်ဆိုတာအချစ်ပဲ...

ဝေးနေလဲအချစ်ပဲ..နီးနေလဲအချစ်ပဲ..

သူရှိနေလဲအချစ်ပဲ..သူထားသွားလဲအချစ်ပဲ..

ချစ်တယ်လို့ပြောလဲအချစ်ပဲ..ဘာမှမပြောလဲအချစ်ပဲ..

အချစ်ကအချစ်ပါပဲ...

ချစ်နေဖို့ပဲလိုတာပါ........

ဆုံ စည်း တဲ့ နေ့......

ငါတို့ နှစ်ယောက်ကြား
မိုင်ထောင်ချီရေမြေတွေ ခြားနေလည်း
ဝေးကွာခြင်းဆိုတာ မသိ
ရင်ခုန်သံခြင်း ထပ်တူညီနေတာ...

!!!နင်လဲ သိတယ်
ငါလဲ သိတယ် နော်!!!

ငါတို့ နှစ်ယောက်ကြား
အနေဝေးခြင်းတွေ ခြားနေလည်း
သွေးအေးခြင်းဆိုတာ မရှိ
တွေးလိုက်ရုံ နဲ့ ရင်ခုန်တတ်တာ...

!!!နင်လဲ သိတယ်
ငါလဲ သိတယ် နော်!!!

ငါတို့ နစ်ယောက်ကြား
မဟာတံတိုင်း ခြားနေလည်း
ပေါင်းစည်းခြင်း မရသေးတဲ့ဘဝ
ငါတို့ ရဲ့ အချစ်စစ် နဲ့
နွေးထွေးတဲ့ ရင်ခုန်သံတွေဖန်တီး
ဖြတ်ကျော်ဖို့ အသင့်ရှိနေတာ...

!!!နင်လဲ သိတယ်
ငါလဲ သိတယ် နော်!!!

တစ်နေ့ ဆိုတဲ့ တစ်နေ့.....

ငါတို့ ဆုံမယ့် တစ်နေ့

ထပ်တူညီ ရင်ခုန်သံတွေ ဆုံဆည်း

နီးစပ်ခြင်းတွေကို ဖန်တီး

ပေါင်းစည်းခြင်းတွေကို

ဖြစ်တည်စေမယ်လေ.......

နား လည် မှု နဲ့ ဝေးးးးးးးးးး


ဘယ် အ တွက် ကြောင့်
ငါ့ ကို ထား ခဲ့ ရက် လဲ
အ ဖြေ ရှာ မ ရ
လိုက် ခေါ် လို့ မ ရ တော့ တဲ့ နေ ရာ
သူ ရှောင် ပြေး ပြီ ပဲ.....

တွေး လိုက် တိုင်း
ဘယ် ဘက် ရင် အုံ က
တ စစ် စစ် နာ
ခု ချိန် ထိ တော့
မုန်း မ ရ
ပြုံး ပြ ဖို့ လဲ
နင် မ ရှိ တော့ ဘူး ဟာ.....

နင့် စ ကား သံ ကြောင့်
နင့် ရင် ထဲ ကို မြင် ဖူး ခဲ့ ပေ မဲ့
တိတ် ဆိတ် နေ တဲ့
ငါ့ ရင် ထဲ ကို
နင် မြင် အောင် မ ကြည့် ခဲ့ ဘူး ပဲ.....

အ ပေါ် ယံ ပဲ နင် မြင် လို့
နွေး နွေး လေး ပဲ ရှိ နေ တဲ့
ငါ့ နှ လုံး သား
ဖွဲ မီး လို အ တွင်း လှိုက် စား နေ တာ
နင် မ မြင် ခဲ့ လို့
ငါ....ထုတ် လို့ မ ပြ တော့ ဘူး
ငါ့ အ ချစ် တွေ ကို.....

နေ ခဲ့ တော့ ကွယ်............

နေတတ်နေတဲ့
နင့် အတွက်
အဖြေရှာပေးစရာ
မလိုတော့ဘူးပေါ့....

တွေ့နေရင်းတောင်
လွမ်းတယ်ဆို
ခုတော့ ဒီစကား
ဘယ်နားရောက်သွားလဲ.....

မခွဲနိုင်တော့ဘူးဆို
ခုတော့ နင့်စကား
အစ အန တောင်ရှာမရ
လေများတိုက်သွားလား.....

ငါ့ ယုံကြည်မှုကို ဖျက်စီး

ငါ့ ချစ်ခြင်းတွေကို

မီးလောင်တိုက်သွင်းတဲ့

နင့် ကို

သေလောက်အောင်

ချစ်နေလဲ

သေပွဲသာ ၀င်လိုက်မယ်

နေခဲ့တော့ကွယ်.....

နင် ငါ့ ကို စိမ်း ပါ တော့.........

နှင်းဆီစိမ်းစိမ်း
နှလုံးသားကိုဆန့်ထုတ်
အတောင်ပံတွေလုပ်ပြီး
ပျံသန်းချင်ပါတယ်
ငါ့မှာ “လေ” မရှိခဲ့.....

ငါ့ကိုယ်ကိုခွဲဖျက်
အရိုးလှေတစ်လက်နဲ့
ဒီလှိုင်းကိုလဲစောင့်ပါတယ်
ငါ့မှာ “ပင်လယ်” မရှိခဲ့.....

အဲ့ဒီ - ၀မရှိတဲ့ ၀ိလုပ်ချင်သူဟာ
နှင်းဆီကိုဆူးချိုး
ရင်ထဲမှာလဲ ပျိုးခဲ့မိတယ်.....

နောက်မှ
လေမရှိ ရေမရှိ နောင်တနဲ့
ငါ.....
ဆူးခက်တို့နဲ့
နှင်းဆီ....
ရနံ့တွေရုတ်သိမ်း
နင် ငါ့ကို စိမ်းပါတော့....

as a member