Translate

Thursday, December 20, 2012

အိပ် မက် လေ လား ၀ိုး တ ၀ါး နဲ့..........

အရမ်း...စိတ်ဓာတ်ကျ နေတုံးက
နင့်ရဲ့ အားပေးတဲ့ စာလုံးလေးတွေမှာ
ငါအားတက်ခဲ့ဖူးတယ်.....

အရမ်း...ငိုချင် နေတုံးက
နင့်ရဲ့ နှစ်သိမ့်တဲ့ အသံလေးမှာ
ငါစိတ်ပျော်ခဲ့ဖူးတယ်.....

အရမ်း...လွမ်း နေတုံးက
နင့်ရဲ့ ဓာတ်ပုံလေးကို အမြင်မှာ
ငါအလွမ်းပြေဖူးတယ်.....

ခုတော့လည်း...
နင့်စာလုံးလေးတွေ ဘယ်များရောက်လို့
နင်ဘယ်ရင်ခွင် ရောက်နေလည်း...

ခုတော့လည်း...
နင့်အသံလေးတွေ ဘယ်သူ့အတွက်ဖြစ်လို့
နင်ဘယ်များ ရောက်နေလည်း...

ခုတော့လည်း...
နင့်ဓာတ်ပုံလေးတွေ ဘယ်ချောင်ရောက်လို့
နင်ဘယ်သူ့အတွက်များ ဖြစ်နေလည်း...

2 comments:

  1. ဘယ်သူ.အတွက်မှမဖြစ်ခဲ.ပါဘူး၊၀ါဝါကလွဲလို.ဘယ်သူမှမရှိစေ၇ပါဘူး

    ReplyDelete
  2. ဘ၀အခြေအနေမပေးလို.အဝေးမှာနေ၇ပေမဲ.မင်းစွတ်စွဲသလိုမဟုတ်ခဲ.ဘူးဆိုတာတစ်ချိန်မင်းသိမှာပါ

    ReplyDelete

as a member