Translate

Wednesday, December 19, 2012

နင် ငါ့ ကို စိမ်း ပါ တော့.........

နှင်းဆီစိမ်းစိမ်း
နှလုံးသားကိုဆန့်ထုတ်
အတောင်ပံတွေလုပ်ပြီး
ပျံသန်းချင်ပါတယ်
ငါ့မှာ “လေ” မရှိခဲ့.....

ငါ့ကိုယ်ကိုခွဲဖျက်
အရိုးလှေတစ်လက်နဲ့
ဒီလှိုင်းကိုလဲစောင့်ပါတယ်
ငါ့မှာ “ပင်လယ်” မရှိခဲ့.....

အဲ့ဒီ - ၀မရှိတဲ့ ၀ိလုပ်ချင်သူဟာ
နှင်းဆီကိုဆူးချိုး
ရင်ထဲမှာလဲ ပျိုးခဲ့မိတယ်.....

နောက်မှ
လေမရှိ ရေမရှိ နောင်တနဲ့
ငါ.....
ဆူးခက်တို့နဲ့
နှင်းဆီ....
ရနံ့တွေရုတ်သိမ်း
နင် ငါ့ကို စိမ်းပါတော့....

No comments:

Post a Comment

as a member