Translate

Wednesday, December 19, 2012

လွမ်း နေ ပြီ မေ မေ...........:'(


မေမေ့ အိမ်ကထွက်လာတဲ့
လမ်းတစ်လျှောက် တတောက်တောက်
ကျခဲ့တဲ့မျက်ရည် ခုကတည်းက
လွမ်းနေပြီ မေမေ.....

ငွေဆိုတဲ့ အရာတစ်ခုအတွက်
အချစ်...အလွမ်းတွေ ဘေးဖယ်
လမ်းတစ်ခုကို အတင်းတည့်နေရတဲ့ဘဝ
အဆုံးသတ်ချင်ပြီ မေမေ.....

လမ်းခွဲတွေ ကြုံတိုင်း
မုန်တိုင်းတွေ တွေ့မှာကြောက်လို့
ဒီနေရာမှာပဲ ခြေစုံရပ်
ဘယ်လမ်းမှ မလိုက်ရဲသေးတာ
ခွင့်လွှတ်ပါ မေမေ.....

ကျန်းမာရေးကြောင့်
အတင်းထူမတ်နေရတဲ့
ကိုယ်နေဟန်တစ်ဖက်နဲ့
အားယူလို့ ပြုံး
ကန်တော့လို့ မဆုံးသေးခင်
တောင်းဆုတွေ ခြွေ
မျက်ရည်ကြည်နဲ့ မျက်ဝန်းတွေ
မကြည့်ရက်ဘူး မေမေ.....

အိမ်ကတောင် မထွက်ခင်
အိမ်ကိုပဲ လွမ်းချင်နေတဲ့ စိတ်
နေ့စွဲတွေ ဟောင်းသွားလဲ
ပြောင်းမသွားဘူး မေမေ.....

3 comments:

  1. မိခင်ဖွဲ့ ကဗျာဖြစ်သည့်အတွက်ကြောင့် comment ရေးခဲ့ပါမည်။ကောင်းပါသည်။တဆက်တည်းတွင်ကဗျာဆရာမဝါဝါအားထောက်ပြချင်သည်မှာဤ blog ၏အမည်ကိုရေးထားရာတွင်အိပ်မက်အစားအိမ်မက်ဟုအသံထွက်အတိုင်းရေးထားသည်ကိုသတိပြုမိခဲ့ရပါသည်။

    ReplyDelete
  2. မောင်မိုးဇော်အကြံပြုထားသလိုပါပဲ
    ကဗျာဆ၇ာမဖြစ်ချင်၇င်သဒ္ဒါကျွမ်းကျင်ဖို.လိုပါသည်

    ReplyDelete
  3. အရမ်း​ကောင်းတယ်​ဗျာ

    ReplyDelete

as a member