Translate

Thursday, January 10, 2013

ဝေး ခဲ့ ပြီး မှ တော့.....

♥ ငါ့ရင်ကိုခွဲ
~~ငါ့အသဲကို ထုတ်ပေးခဲ့တာ
~~နင်ပျော်မယ် ထင်လို့ပါ...

♥ အမြတ်နိုးဆုံး ချစ်သူတွေလို
~~တယုတယလေး ငါချစ်ပေးခဲ့တာ
~~နင်တန်ဖိုးထားမယ် ထင်လို့ပါ...

♥ ငါ့အချစ်တွေကို
~~နင်မသိနိုင်ခဲ့ရင်
~~နောင်တစ်ချိန်
~~ငါ့ကိုလွမ်းတဲ့အခါ
~~တိတ်တိတ်လေးတော့
~~ငိုမနေပါနဲ့တော့နော်...


                                                                                             ~~~၀ါဝါ၀င်းလှိုင်~~~



                                                                     

                                                                                 
                                                                         

♥ ♥ ♥

Thursday, December 20, 2012

ငါ ဆို တဲ့ ငါ.........

ငါ့ ရင် ခွင် အေး စက် ခဲ့ တာ မ ဟုတ် ဘူး
နင့် ရင် ခွင် က သာ
ငါ့ အ တွက် မ နွေး ထွေးခဲ့တာ
ငါ နင့် အ တွက် လင်း မ ပေး ခဲ့ တာ မ ဟုတ် ဘူး
နင့် အ နား က ပိုး စုန်း ကြူး လေး တွေ ကို
ငါ ဆို တဲ့ ကြယ် လေး တစ် ပွင့်
မ ယှဉ် နိုင် ခဲ့ တာ ပါ
နင့် အ တွက် တော့ ငါ ဆို တာ က
လမ်း မှာ ခ လုတ် တိုက် မိ တဲ့
ခဲ လုံး လေး သာ ဖြစ် ခဲ့ ရ တာ ပါ
ငါ့ အ တွက် တော့ နင် ဆို တာ က
မ ရ စ ဖူး အ ရ ထူး လိုက် တဲ့
ဆု လာဘ် လေး တစ် ခု ပါ......



                                                                                    ~~~၀ါဝါ၀င်းလှိုင်~~~

အ တိတ် ဟောင်း......

ငါ..မပါတော့တဲ့
တခြားကမ္ဘာမှာ
နင်ပျော်နေပြီလို့
ငါပြန်ကြားရတယ်.....

ရက်စက်တယ်လို့လည်း
နင့်ကိုအပြစ်မဆိုသာပါဘူး.....

ကြယ်တွေ ကြွေနေတုန်း
ဆုမတောင်းမိတဲ့...ငါပဲ
ရင်နာသင့်တာပါ.....

ရင်နာတာကို
ရင်နာတယ်လို့
ပြောခွင့်လေး
မရတော့တာ
တစ်ခုတော့
ငါ...ရင်နာတယ်

တကယ်တော့..ငါ
နင့်ကို ချစ်ခဲ့တာထက်
ငါ့ကိုယ်ငါများ
ပိုချစ်မိခဲ့လေသလား.....

ငါ့ဘ၀ကျောင်းထဲက
နင်ဆိုတဲ့ ပြဌာန်းစာအုပ်လေးက
သင်ရိုးဟောင်းတစ်ခုသာ.....


                                                                                     ~~~၀ါဝါ၀င်းလှိုင်~~~

အိပ် မက် လေ လား ၀ိုး တ ၀ါး နဲ့..........

အရမ်း...စိတ်ဓာတ်ကျ နေတုံးက
နင့်ရဲ့ အားပေးတဲ့ စာလုံးလေးတွေမှာ
ငါအားတက်ခဲ့ဖူးတယ်.....

အရမ်း...ငိုချင် နေတုံးက
နင့်ရဲ့ နှစ်သိမ့်တဲ့ အသံလေးမှာ
ငါစိတ်ပျော်ခဲ့ဖူးတယ်.....

အရမ်း...လွမ်း နေတုံးက
နင့်ရဲ့ ဓာတ်ပုံလေးကို အမြင်မှာ
ငါအလွမ်းပြေဖူးတယ်.....

ခုတော့လည်း...
နင့်စာလုံးလေးတွေ ဘယ်များရောက်လို့
နင်ဘယ်ရင်ခွင် ရောက်နေလည်း...

ခုတော့လည်း...
နင့်အသံလေးတွေ ဘယ်သူ့အတွက်ဖြစ်လို့
နင်ဘယ်များ ရောက်နေလည်း...

ခုတော့လည်း...
နင့်ဓာတ်ပုံလေးတွေ ဘယ်ချောင်ရောက်လို့
နင်ဘယ်သူ့အတွက်များ ဖြစ်နေလည်း...

တကယ်တော့.......ငါ


ငါ့စိတ်ဓာတ်တွေ
နေလှန်းခံရတဲ့နေ့
ငါမမေ့သေးဘူး.....

နင့်ကြောင့် အသက်ဝင်ခဲ့တဲ့
ငါ့နှလုံးသား
နင်ပဲခြေမွ ဖျက်စီးခဲ့တာပဲ.....

လျှို့ဝှက်တဲ့ နင့်မျက်ဝန်းရဲ့
ညို့ဓာတ် ငါရှောင်တတ်အောင်
ကြိုးစားလိုက်ဦးမယ်.....

ငါ့ဆီက ဖြေရှင်းချက်လေးများ
တစွန်းတစ နင်မကြားချင်ဘူးလား.....

နာကျင်နေတဲ့ ငါ့နှလုံးသား
နားခိုစရာ ဝေးပြီလား......

အတူဆုံချိန်လေး တွေကလဲ
နင့်အတွက်
အပျော်ပဲဆိုတာ.....

တကယ်တော့....ငါ
နင့်အတွက်
အပျင်းတော် ပြေစေမယ့်
စက်ရုပ်လေးပါ.....

ငါ့ သ ခင် ငါ့ အရှင်..........


ဘာကြောင့်များ စကားလုံးတွေနဲ့
ငါ့ရင်တွေ နာကျင်အောင်
နင်လုပ်တတ်တာလဲ...

နင့်စကားလုံး မြှားချက်ဒဏ်
ငါရင်တွေ ဘာကြောင့်များ
တောင့်မခံနိုင်တာလဲ...

နင့်အတွက်တော့ ငါက
အသုံးမ၀င်တော့တဲ့
နင်စွန့်ပစ်မဲ့ အရာတွေ ထဲက
နံပါတ် တစ် ပါ...

ငါ့မှာသာ ရင်နဲ့ရင်းပြီး
နင်က နံပါတ် တစ်
နင်က နံပါတ် တစ် ရဲ့ အရင်
နင်က နံပါတ် တစ် ရဲ့ သခင်
ဖြစ်စေခဲ့တာ...

ဝေးကွာခြင်းက
နင် နဲ့ င့ါ ကြား
ဒီလောက် စည်းခြားလိမ့်မယ်
မထင်မိတာ ငါ့အမှား...

ပြန်သွားနေလို့လဲ
အရင်နေရာ မရောက်မဲ့ အတူတူ
"ပျော်ရွှင်မှု" တွေရေ.....
ငါတို့ အတူတူ
သေဆုံးလိုက်ကြရအောင်...

မ ရေ မ ရာ အ တွေး တစ် စ.........

တစ်ခါတစ်လေ
လေလှိုင်းတွေကိုဖြတ်
သူ့အသံ ခပ်ပြတ်ပြတ်တွေနဲ့
ရင်ထဲကို မီးတောက်တွေပစ်ထည့်
ကိုယ့်ကိုယ်ကို လောင်ကျွမ်းစေခဲ့တယ်...

အပြာ ရောင်ညတွေကိုဖန်ဆင်း
အချစ်နက်တွင်းထဲသို့
အသာအယာဆွဲခေါ်
ငါကိုယ်တိုင်က
စူးစူးနစ်နစ် ပျော်ဝင်နေခဲ့သေးတယ်...

အကြင်နာတွေသုံး
ငါ့နှလုံးသားကို
အညင်သာဆုံး
ချော့သိပ်နေတတ်သေးတယ်...

တမင်တကာတော့
မမုန်းလိုက်ပါနဲ့ချစ်သူ
ရင်နာလို့မဆုံးနိုင်မှာ စိုးလို့ပါ...

အော်............. အခုတော့
မတွေ့ချင်လို့ ရှောင်ပုန်း
င့ါကိုများ မုန်းနေရော့သလား...

အချစ်သစ် တွေ့လို့
ငါ့ ရဲ့ ဖြစ်အင်ကိုပဲ
မသိချင်ခဲ့လေရော့သလား...

အတွေးတွေနဲ့ချာလည်
ညည့်နက်ခဲ့တဲ့
ငါ့ ညတွေလည်းများခဲ့ပြီ...

အ နား နေ ပါ ရ စေ.......

ခ ဏလေး ဝေး ရ ရင် တောင်
ငါ့ ရင် ထဲ မီး တောက်
ပူ လောင် ပြင်း ထန် မြန် ဆန် လိုက် ပုံ များ
ငါ့ ဘ ၀ တစ် ခု လုံး ပြာ ကျ မ တတ် ပါ ပဲ.........

တစ် သက် လုံး များ ဝေး ရ မယ် ဆို
တွေး တောင် မ တွေး ၀ံ့
သေ ဆို ရင် သေ ပေး ပါ့ မယ်........

မ ထား ခဲ့ နဲ့ ချစ် သူ...

နာကျင်ရင်လည်း...အနားနေပါရေ
ပူလောင်ရင်လည်း........အနားနေပါရစေ
စိတ်ညစ်ရင်လည်း...............အနားနေပါရစေ
အဆင်မပြေရင်လည်း..............အနားနေပါရစေ
အရာရာဆုံးရှုံးရင်လည်း...................အနားနေပါရစေ
ဖြစ်ချင်တာ ဖြစ်ခွင့်မရလည်း.................အနားနေပါရစေ

Wednesday, December 19, 2012

ယုံ ကြည် ပေး.........

ရွှေကော်ဇောပေါ်
နေထိုင်ခံစားရမှ ငါ့မြတ်နိုးခြင်း
သိမ်မွေ့နေမှာ မဟုတ်ဘူး.....

ပန်းခင်းသော လမ်း
ချောမွေ့နေမှ ငါ့သံယောဇဉ်
တည်တံ့နေမှာ မဟုတ်ဘူး......

လူတွေပြောသလို
အချစ် အချစ် အချစ် ဆိုပြီး
နာမည်တပ်ထားတဲ့
အဲဒီအချစ်ဆိုတဲ့...ငါ့အချစ်က
ဘ၀တွေ ကြမ်းတမ်း
လမ်းတွေ ခါယမ်း...နေလည်း
မပြောင်းလဲပဲ လတ်ဆတ်ခြင်းနဲ့
ရှိနေမယ်.............

""'"""ဝေးနေရင်တောင် ကြားရုံလေးပဲ ဝေးပေးပါ""""""


"နှစ်ယောက်"ရှိနေတာ
"တစ်ယောက်"တည်းထက်
ပိုကောင်းတယ်

တစ်ယောက်"လဲ"နေရင်
တစ်ယောက်"ထူမ"ပေးနိုင်တယ်

ဒါပေမယ့်...နှစ်ယောက်လုံး "လဲ" နေရင်ရော တဲ့

"လဲ" နေရက်သားနဲ့ အတူတကွ
"အနွေးဓာတ်" ပေးနိုင်သေးတယ်

တစ်ယောက်တည်း "လဲ"နေရင်တော့
ဘယ်လိုလုပ်"နွေးထွေး"နိုင်ပါ့မလဲ

ချမ်းနေတော့မှာပေါ့...........

"ဘ၀မှာ တန်ဖိုးရှိသော ချစ်သူတစ်ယောက်ကို"

"ဝေးကွာသော အရပ်မှာ ရောက်နေတယ်ဆိုရင်တောင်"

"လှမ်းခေါ်လို့ ကြားနိုင်ရုံလောက်လေးပဲ ဝေးရရင် မဆိုးပါဘူး"

"ဒီလောက်ဆိုရင်ပဲ အချိန်မရွေး ပြန်လည်နီးစပ် သွားနိုင်ပါတယ်"

as a member