Translate

Monday, October 22, 2012

ဝမ်းနည်းဝမ်းသာအရာရာဟာ

လူကလုပ်တာပါတဲ့

စိတ်ကိုဖြေ

မပြေပေမယ့်

သေရွာကိုမသွားနိုင်သရွေ့

ဖြေစရာကိုသာရှာပါတော့ဟာ..........
ဝါသနာဆိုတာ အိပ်မောကျနေတာကြာပြီ

မီးအိမ်ရှင်မရှိဘူး

လမ်းပြကြယ်မရှိဘူး

ငါ့စိတ်ကိုငါဆုံးမကြည့်တယ်

အဲဒီနေ့က ငါတော်တော်ပျော်တယ်


ဆုတောင်းလို့ရရင်တစ်ခုလေးပဲ

မေမေ့အနားပြန်ချင်တယ်.....................:'(
အချစ်ခံရလို့ အချစ်ကို

အချစ်လို့ခေါ်တာမဟုတ်ဘူး

ချစ်နေတာကိုက

အချစ်ဖြစ်တယ်

အချစ်မခံရလို့


ကိုယ့်အချစ်တွေ

မဆုံးရှုံးသွားနိုင်ဘူး

အချစ်ကချစ်သူရဲ့

နှလုံးအိမ်ထဲမှာရှိတယ်

အချစ်ခံသူရဲ့

အကြည့်ထဲမှာ

ရှိတာမဟုတ်ဘူး........♥ ♥ ♥

မုန်တိုင်း ဆိုတာ
လေပြေရဲ့ သခင်.....

ဝမ်းနည်းခြင်း ဆိုတာ
ငိုညည်းသံရဲ့ သခင်.....

လမင်း ဆိုတာ
လမိုက်ညရဲ့ သခင်......

နင် ဆိုတာ
ငါ့ရဲ့ သခင်.......

နင်စေသလို.....နေ

နင်ခိုင်းသလို.....လုပ်

နင်ငြိုငြင်ရင်.....ငိုချင်

နင်က...ငါ့ရဲ့...သခင်ပါ.......♥

as a member