တခြားကမ္ဘာမှာ
နင်ပျော်နေပြီလို့
ငါပြန်ကြားရတယ်.....
ရက်စက်တယ်လို့လည်း
နင့်ကိုအပြစ်မဆိုသာပါဘူး...
ကြယ်တွေ ကြွေနေတုန်း
ဆုမတောင်းမိတဲ့...ငါပဲ
ရင်နာသင့်တာပါ.....
ရင်နာတာကို
ရင်နာတယ်လို့
ပြောခွင့်လေး
မရတော့တာ
တစ်ခုတော့
ငါ...ရင်နာတယ်
တကယ်တော့..ငါ
နင့်ကို ချစ်ခဲ့တာထက်
ငါ့ကိုယ်ငါများ
ပိုချစ်မိခဲ့လေသလား.....
ငါ့ဘ၀ကျောင်းထဲက
နင်ဆိုတဲ့ ပြဌာန်းစာအုပ်လေးက
သင်ရိုးဟောင်းတစ်ခုသာ.....
~~~၀ါဝါ၀င်းလှိုင်~~~
ငါကကျောင်းပြဌာန်းစာအုပ်မဟုတ်ခဲ.ပဲကျောင်းအုပ်ဆ၇ာကြီးဖြစ်နေခဲ.၇င်ေ၇ာ
ReplyDeleteငါဆုံးမတာလွန်သွား၇င်နားလည်ပေးပါ
ဘယ်တော.မှမမေ.ဘူး
ReplyDeleteသတိရေ နေဆဲပါ
ReplyDelete