Translate

Wednesday, December 19, 2012

နောင် အ နာ ဂတ်........

ကဗျာလိုလို စာလိုလို

အရာတွေကို ဖန်တီးလိုက်တိုင်း

လွမ်းဆွတ်ခြင်းတွေ

ချီတက်လာလေတော့

ပျော်ရွှင်မှုတွေ ဆိတ်သုန်း

အထီးကျန်ခြင်းတွေကိုသာ

ရင်ဆိုင်ဖို့ ရှေ့တိုးလာရတော့တယ်.....


ရူးသလိုလို ကြောင်သလိုလို

အဓိပ္ပါယ်တစ်ချို့ကို

အဖြေရှာလိုက်တိုင်း

ငါကိုယ်တိုင်ပါ

ရူးကြောင်လာတော့

အထီးကျန်ခြင်း နဲ့

အကျည်းတန်ခြင်းတွေကိုသာ

ရရှိဖို့ နီးစပ်လာရတော့တယ်.....


ချစ်သလိုလို မုန်းသလိုလို

ခံစားချက်တစ်ချို့ကို

ရင်ဆိုင်မိတိုင်း

ချစ်....ကြိုက်....မုန်း....ကွဲ

ဒီအရာတွေပဲ အမြဲကြုံလာတော့

စိတ်ဓာတ်ခွန်အားတွေ ဆုတ်ယုတ်

ပြန်လည်အားတင်းခြင်းတွေကိုပ

မွေးမြူဖို့ ကြိုးစားလာရတော့တယ်.....

2 comments:

  1. အားတင်းထားစမ်းပါအချစ်ကလေး၇ယ်

    ReplyDelete
  2. အချိန်အခါနဲ.အသက်အရွယ်၇လာ၇င်အတွေးအခေါ်အယူအဆပြောင်းလာလိမ်.မယ်

    ReplyDelete

as a member