Translate

Wednesday, December 19, 2012

ဆုံ စည်း တဲ့ နေ့......

ငါတို့ နှစ်ယောက်ကြား
မိုင်ထောင်ချီရေမြေတွေ ခြားနေလည်း
ဝေးကွာခြင်းဆိုတာ မသိ
ရင်ခုန်သံခြင်း ထပ်တူညီနေတာ...

!!!နင်လဲ သိတယ်
ငါလဲ သိတယ် နော်!!!

ငါတို့ နှစ်ယောက်ကြား
အနေဝေးခြင်းတွေ ခြားနေလည်း
သွေးအေးခြင်းဆိုတာ မရှိ
တွေးလိုက်ရုံ နဲ့ ရင်ခုန်တတ်တာ...

!!!နင်လဲ သိတယ်
ငါလဲ သိတယ် နော်!!!

ငါတို့ နစ်ယောက်ကြား
မဟာတံတိုင်း ခြားနေလည်း
ပေါင်းစည်းခြင်း မရသေးတဲ့ဘဝ
ငါတို့ ရဲ့ အချစ်စစ် နဲ့
နွေးထွေးတဲ့ ရင်ခုန်သံတွေဖန်တီး
ဖြတ်ကျော်ဖို့ အသင့်ရှိနေတာ...

!!!နင်လဲ သိတယ်
ငါလဲ သိတယ် နော်!!!

တစ်နေ့ ဆိုတဲ့ တစ်နေ့.....

ငါတို့ ဆုံမယ့် တစ်နေ့

ထပ်တူညီ ရင်ခုန်သံတွေ ဆုံဆည်း

နီးစပ်ခြင်းတွေကို ဖန်တီး

ပေါင်းစည်းခြင်းတွေကို

ဖြစ်တည်စေမယ်လေ.......

No comments:

Post a Comment

as a member