Translate

Wednesday, December 19, 2012

လွမ်း မြဲ လွမ်း ဆဲ.........

သိခြင်း မသိခြင်း
တစ်ချို့ ပျော်ဝင်နေတဲ့
နေ့စွဲ မှုန်မှုန်မှိုင်းမှိုင်းတွေထဲ
လူးလွန့်ကခုန် ပြိုလဲရင်း
ရှိခြင်း မရှိခြင်း တွေကိုလည်း
ရှာဖွေခဲ့ဖူးသေးတယ်......

အချစ်အတွက်နဲ့
အလဲလဲ အပြိုပြို
ခံစားချက်တစ်ချို့နဲ့
အသားကျရင်းနှီးရင်း
လမ်းမှောင်မှောင်တွေမှာလည်း
လမ်းမှားတွေ
ရောက်ခဲ့ဖူးသေးတယ်.....

သံယောဇဉ် လက်ကျန်နဲ့
ပြန်သိမ်းလိုက်ရတဲ့
ငါ့အမုန်း တစ်ချို့အတွက်
ဆန္ဒတစ်စုံတစ်ရာကို မျိုချပစ်ပြီး
လှောင်ရယ်သံတွေ ကြားမှာလည်း
ရင်နာနာနဲ့ .......ငါ
လျှောက်လှမ်းခဲ့ဖူးသေးတယ်.....

လွမ်းတာကို
လွမ်းတယ်လို့
တွေးလိုက်တိုင်း
နာကျင်မှုတွေ
ဆထက်တိုးလို့
တိုးတိုးလေး
ခိုးခိုးပြီး
ငိုခဲ့ရတိုင်း.....

ခုထိတော့.....

ကျန်ခဲ့တဲ့......ငါ

ချန်ခဲ့တဲ့.......နင့် ကို

လွမ်းနေတုန်းပဲဟာ.....

No comments:

Post a Comment

as a member